ချမ်းအေးသာစံမြို့နယ်၌ နေအိမ်မီးလောင်မှုအား Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရ

Telegram Join ရန် – http://t.me/positiveanglenews

(မှုခင်း)ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ နှင့် ၃၁ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက်၄နာရီ၂၀မိနစ်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူ မှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၄ နာရီ ၁၇ မိ နစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီ ၂၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီး သတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN #မီးလောင်မှု #မန္တလေး