အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတစ်စီးတိုက်မိခဲ့


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၉

အမေရိကန်၏ နာမည်ကျော် လေယာဉ်တင်သင်္ဘော USS Harry S. Truman သည် စူးအက်တူးမြောင်းအနီးတွင် ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာသည့် အပျက်အစီးဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘော၏ ဘေးခြမ်းတွင် သိသိသာသာပျက်စီးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် USS Harry S. Truman သည် ဂရိနိုင်ငံ Souda ပင်လယ်အော်ရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသိရသည်။

ထိခိုက်ပျက်စီးမှုများသည် သင်္ဘောပေါ်ရှိ လေယာဉ်များနှင့် လက်နက်စနစ်များကို ထိခိုက်မှုမရှိကြောင်း မီဒီယာများက ဖော်ပြသည်။

USS Harry S. Truman နှင့် စူးအက်တူးမြောင်းအနီးတိုက်မိခဲ့သည့် ကုန်တင်သင်္ဘောသည် ပနားမား အလံတင်ထားသည့် ကုန်တင်သင်္ဘောဖြစ်ပြီး သင်္ဘောနှစ်စီးလုံးပေါ်ရှိ လူများ အန္တရာယ်ကင်းကြောင်း ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN