(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၉

ကက်သလစ်ဘာသာဝင်တို့၏ ခေါင်းဆောင်ဖြစ်သော ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အဆုတ်နှစ်ဖက်လုံးရောင်နေပြီး ဆေးရုံတက်ကာ ကုသမှုခံနေရကြောင်းသိရသည်။
အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် အဆုတ်ရောင်ရမ်းမှုကြောင်း တစ်ပတ်ခန့်ကြာ ရောမမြို့ရှိ Genelli ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
“ဆေးကုသမှုခံယူနေသည့် ပုပ်ရဟန်းမင်းကြီးသည် နောက်ဆက်တွဲအနေဖြင့် CT Scan ဖော်ပြချက်အရ အဆုတ်နှစ်ဖက်ရောင်ရမ်းခြင်းအား ကုသရန်လိုအပ်ကြောင်း ဗာတီကန်က ထုတ်ပြန်ထားသည်။
ဗာတီကန်၏ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီးမနေဖြင့် လာမည့် သတင်းပတ်များအတွင်း ဘာသာရေးပွဲများ တက်ရောက်နိုင်မည် မဟုတ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews