ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကိုအနိုင်ယူပြီး ရှုံးပွဲဆက်မှု ရာဒူကာနူ အဆုံးသတ်


(အားကစား) ဖေဖော်ဝါရီ ၁၈

ဒူဘိုင်းတွင် ကျင်းပလျက်ရှိတဲ့ ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့်မှာ ဗြိတိန်နာမည်ကျော် တင်းနစ်မယ် အမ်မာ ရာဒူကာနူ ဟာ ပြိုင်ဘက်ဂရိနိုင်ငံသူ မာရီယာ ဆက္ကာရီ ကို အနိုင်ယူကာ ရှုံးပွဲဆက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ရာဒူကာနူ က ပြိုင်ဘက် မာရီယာ ကို တစ်နာရီနှင့် မိနစ် ၂ဝ ကြာ ယှဉ်ပြိုင်ခဲ့ပြီး ၆-၄၊ ၆-၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

၂၀၂၁ ယူအက်စ်အိုးပင်းချန်ပီယံ ရာဒူကာနူ ဟာ ဇန်နဝါရီလ ၁၆ ရက်က ဩစတြေးလျအိုးပင်းပြိုင်ပွဲ ဒုတိယ အဆင့်မှာ အမေရိကန်တင်းနစ်မယ် အမန်ဒါအနီ ဆီမိုဗာ ကို အနိုင်ရရှိပြီးနောက်ပိုင်း နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ် ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရာဒူကာနူ အနေနဲ့ တင်းနစ်ကစားသမားဘဝ အဆိုးရွားဆုံး ရှုံးပွဲဆက်ရှည်ကြာမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့်မှာ ချက်ဇ်တင်းနစ်မယ် ကာရိုလီနာ မူချိုဗာ နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN