(အားကစား) ဖေဖော်ဝါရီ ၁၈

ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီ ဟာ တနင်္လာနေ့က လေ့ကျင့်မှုပျက်ကွက်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်း ကို ဆဲလ်တစ်အသင်းနဲ့ပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။
ဟာရီကိန်း ဟာ လေဗာကူဆင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် မျက်နှာ၌ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယင်းပွဲတွင် ပွဲချိန်ပြည့်ယှဉ်ပြိုင်ကစားခဲ့ သော်လည်း ဆဲလ်တစ်နှင့်ပွဲအတွက် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ် တွင် ပါဝင်နိုင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်း ဟာ လေဗာကူဆင်အသင်းနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားရဲ့ ပခုံးနှင့်တိုက်မိခဲ့လို့ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် ကုသမှုခံယူခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံ လိဂ် Play-offs အဆင့် ပထမအကျော့တွင် ဆဲလ်တစ်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိထားသော်လည်း ဒုတိယအကျော့မှာ မှားယွင်းလို့မရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါပွဲစဉ်ကို အဓိကတိုက်စစ်မှူး ဟာရီကိန်း လွဲချော်မည်ဆိုပါက စိုးရိမ်ဖွယ်ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေပြီး မေးမြန်းမှုတစ်ခုမှာ နည်းပြ ကွန်ပနီ က ဟာရီကိန်း ဒဏ်ရာအခြေအနေကို စောင့်ကြည့်ဆုံးဖြတ်မှာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဖို့မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews