နေပြည်တော် ဧလာလေဆိပ်အား ပစ်ခတ်ရန်ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးတစ်လုံး သိမ်းဆည်းရမိ


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၇

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေးချမ်းသာအုပ်စု၊ အုတ်ဖိုရှောင်း ကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးတွင် ပစ်ခတ်ရန်ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးတစ်လုံး တွေ့ရှိရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ကို…….၊ ရေကာအုပ်စု၊ ဗွက်ကြီးရိုးကျေးရွာ၊ လယ်ဝေးမြို့နယ်နေသူမှ လှည်းမောင်းစဉ် ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိခဲ့သဖြင့် ရေကာအုပ်ချုပ်ရေးမှုးထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နေရာသို့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် နေပြည်တော် နယ်လုံဝန်ကြီး ဗိုလ်မှုးကြီး ရဲမိုး အပါဝင် လုံခြုံးရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ရေကာအုပ်စု၊ ဗွက်ကြီးရိုးတဲစုအနီးရှိ ပဲစိုက်ခင်း၌ ယမန်နေ့ ‌ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က အလားတူ ရှော့တိုက်ဒုံးတစ်လုံးကျရောက်ခဲ့ပြီး၊ ပေါက်ကွဲမှု့မရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN