နိုင်ငံအတွင်းမှာလိုနေတဲ့ တရားသူကြီးရာထူးတွေကိုအရင်ခန့်ပြီးမှ မြန်မာကိုဝေဖန်ထောက်ပြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းအကြံပြု

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၅

မြန်မာကိုဝေဖန်ထောက်ပြချင်ရင် အာဂျင်တီးနားနိုင်ငံအတွင်းကတရားစီရင်ရေးအတွက် လိုအပ်နေတဲ့ တရားသူကြီးရာထူးတွေကိုအရင်ခန့်အပ်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုလိုက်ပါတယ်။

အာဂျင်တီးနားတရားရုံးမျက်နှာစာတစ်ခုရှေ့တွင်တွေရသော ရိုဟင်ဂျာထွန်းခင်

တရားဉပဒေအရ မြန်မာကိုဝေဖန်ထောက်ပြချင်ရင် အာဂျင်တီးနားမှာ နိုင်ငံအတွင်းတရားစီရင်ရေးအတွက် လိုအပ်နေတဲ့ လစ်လပ်နေတဲ့ တရားသူကြီးရာထူးတွေကို အရင်ခန့်အပ်လိုက်ပါဉီးလို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြံပြုပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်၊ မြန်မာတပ်မတော် အကြီးအကဲနဲ့ ထိပ်တန်းစစ်အရာရှိတချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ကြေညာချက် ထုတ်ပြန်ထားတဲ့အပေါ် BBC မြန်မာပိုင်း သတင်းထောက်တစ်ဦးက မေးမြန်းမှုအပေါ် ခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

သတင်းထောက်ရဲ့မေးမြန်းချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဂျင်တီးနားက မြန်မာကိုသိရဲ့လား၊မြန်မာနိုင်ငံအစိုးရကတော့ Argentia ကိုသိပါတယ်လို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် အာဂျင်တီးနားနိုင်ငံ ရာဇသတ်ကြီးဥပဒေအရကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ၂၀၁၇ ခုနှစ်က သမ္မတတာဝန်ယူထားတဲ့ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်းပင်ခံရာထူးယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အရာရှိကြီးတစ်ချို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK ) ကပြောပါတယ်။ ဒါ နဲ့ပတ်သက်ပြီး နစက ရဲ့ တုံ့ပြန်ချက်ကို သိချင်ပါတယ်လို့ သတင်းထောက်ကမေးမြန်းခဲ့တာဖြစ်တယ်။

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) ဆိုတဲ့အဖွဲ့က လက်ရှိနိုင်ငံရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK ရဲ့တောင်းဆိုချက်ကို တရားရုံးက လက်မခံဘဲ အာဂျင်တီးနားအမှုလိုက်ရှေ့နေက ၂၀၂၄ခုနှစ်၊ဇွန်လမှာ လျှောက်ခဲ့တဲ့အတိုင်း ဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

#PAN #ရိုဟင်ဂျာ #NLD