(မှုခင်း) ဖေဖော်ဝါရီ ၁၅

နယ်စပ်ဒေသတွေကတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးနေပြီး မြဝတီ-ရွှေကုက္ကိုလ်မှာ ဖမ်းမိတဲ့ အွန်လိုင်း လိမ်လည်မှုပြုလုပ်သူ တရုတ်နိုက်ကံသား ၂၀၀ ကို ပြန်လည်ပို့ဆောင်မယ့်လို့ နစက ကပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေအတွင်း အွန်လိုင်း လိမ်လည်မှုတွေ အွန်လိုင်း လောင်းကစားမှုတွေ လုပ်ဆောင်ဖို့နဲ့ ထိုင်းနိုင်ငံမှာအလုပ်အကိုင်ရရှိစေဖို့ ငွေကြေးမက်လုံးပေးစည်းရုံးမှုတွေနဲ့ အဓမ္မလူကုန်ကူးခြင်းခံရတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၆ ဦး၊စုစုပေါင်း ၂၀၀ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၇ နာရီချိန်ခန့်မှာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုက်ငံသားတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ကာ တရုတ်နိုင်ငံက တာဝန်ရှိသူတွေဆီကို လွှဲပြောင်းပေးအပ် သွားမယ်လို့လည်း နစက ကပြောပါတယ်။
နယ်စပ်ဒေသတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ် အခွင့်ကောင်းယူကာ ပြည်ပနိုင်ငံသား အချို့အနေနဲ့ EAO လက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဆက်စပ်နေရာတွေက ကိုယ်ကျိုးစီးပွားရှာသူတွေရဲ့ပါဝင်ပတ်သက်မှုတွေနဲ့ အွန်လိုင်း လိမ်လည်မှုတွေ အွန်လိုင်း လောင်းကစားမှုတွေမှာပါဝင်ဆောင်ရွက်နေသူတွေ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ရှာဖွေစိစစ်ဖော်ထုတ်တာနဲ့ ပြန်လည်လွှဲပြောင်းပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ နစက က ပြောပါတယ်။
နိုင်ငံတော်အနေနဲ့ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းက လိမ်လည်မှုတွေ လောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကိုအမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းပေးအပ်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews