(နိုင်ငံတကာ) ဇန်နဝါရီ ၃၁

ဝါရှင်တန် လေယာဉ်ပျက်ကျမှုတွင် ခရီးသည်တင်လေယာဉ်မှ Black Box ကိုတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။
Black Box အချက်အလက်များအား ကိုးကား၍ လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတစ်ဦးတည်းကသာ ထိန်းချုပ် ပြောဆိုနေကြောင်း စစ်ဆေးတွေ့ရှိသည်ဟု တာဝန်ရှိသူများကဆိုသည်။

ကမ္ဘာပေါ်ရှိ ထိန်းချုပ်မှုအမြင့်ဆုံးလေပိုင်နက် ဧရိယာတွင် ပျံသန်းနေသော လေယာဉ်နှင့် ရဟတ်ယာဉ်အား ယခုကဲ့သို့ တစ်ဦးတည်း အနီးကပ်ထိန်းချုပ်ခြင်းအား မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
လေယာဉ် ၂ စင်းပေါ်ရှိ လူ ၆၇ ဦးစလုံးသေဆုံးရသည့် အကြောင်းအရင်းအား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေပြီး ပဏာမအစီရင်ခံစာအား ရက်ပေါင်း ၃၀ အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။
ကယ်ဆယ်ရေး ရေငုပ်သမားများသည် လေယာဉ်ပေါ်မှ ရုပ်အလောင်း ၂၇ လောင်းနှင့် ရဟတ်ယာဉ်ပေါ်မှ ရုပ်အလောင်း ၁ လောင်းအား ဆယ်ယူရရှိထားကြောင်းသိရသည်။
လေယာဉ်ပျက်ကျမှုတွင် အမေရိကန်နှင့်ရုရှား အလှပြစကိတ်စီး အဖွဲ့ဝင်များ စကိတ်နည်းပြနှင့် မိသားစုဝင်များပါဝင်ခဲ့ပြီး တရုတ်နိုင်ငံသားအချို့လည်းပါဝင်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews