(ပြည်တွင်း) ဇန်နဝါရီ ၃၁

ကချင်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တွေက မြစ်ကြီးနားမြို့ပေါ်မှာ ဆက်ကြေးကောက်နေပြီး မြို့ခံတစ်ချို့ကပေးဆောင်ရတယ်လို့ ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ EPN ကပြောပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မြစ်ကြီးနားမြို့ပေါ်က ခြံအရောင်းအဝယ်ပြုလုပ်သူတွေနဲ့ အဆောက်အဦးဆောက်လုပ်သူတွေကို KIA က ခေါ်ယူပြီး ဆက်ကြေးတောင်းခံနေတာကြောင့် ကြောက်ကြောက်နဲ့ပေးဆောင်နေရတယ်လို့လည်း သိရပါတယ်။
“ပြည်သူတွေအတွက် ဘာတစ်ခုမှ လုပ်ပေးတာမရှိပဲနဲ့ လက်နက်ကိုင်ပြီး တောင်းစားနေတာ”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
KIO၊ KIA လက်နက်ကိုင်သောင်းကြမ်းသူအဖွဲ့ဟာ နိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီး ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေအပေါ် မတရားဆက်ကြေးကောက်ခံတာတွေ လူသစ်စုဆောင်းတာတွေကို သိသိသာသာ ပြုလုပ်လာနေတယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။
Telegram»…
https://t.me/positiveanglenews