ထော်လာဂျီယာဥ် ၁ စီးမှ လမ်းလျှောက်လာသူ အမျိုးသား ၃ ဦးအားတိုက်မှုဖြစ်ပွား


(မှုခင်း) ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ တာဘောင်ပေါ်တွင် ကျောက်များတင်ဆောင်လာသော ထော်လာဂျီယာဥ် ၁ စီး အရှိန်မထိမ်းနိူင်ဘဲ အောက်သို့လိမ့်ဆင်းသွားရာမှ လမ်းလျှောက်လာသူ အမျိုးသား ၃ ဦးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ယာဉ်မောင်း ကောင်းဇော်၊ ၂၈ နှစ်၊(ဘ)ဦးမောင်တင်ထွေး၊ သမင်ခြံတောင်ရွာကြီး၊ မတ္တရာမြို့နယ်နေသူသည် နံပါတ်တပ်ဆင်ထားခြင်းမရှိသော ထော်လာဂျီအစိမ်းရောင်အား ညောင်ကွဲရဲကင်းဘေးလမ်းအတိုင်း သုံးမူးကျောက်များတင်ဆောင်ကာ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ အောက်သို့လိမ့်ဆင်းသွားပြီး ပုဂံတပ်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်ဘက်မှ တာဘောင်မြို့ပါတ်လမ်းဘက်သို့ လမ်းလျှောက်လာသည့် အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်နေထိုင်သူ ဦးအောင်ကြည်၊ ၅၅ နှစ်၊ (ဘ)ဦးသောင်းစိန်၊ ဦးကြီးညို၊ ၇၀ နှစ်၊ ကုလား(ခ)တိုးဝင်းအောင်၊ ၂၃ နှစ်၊ (ဘ)ဦးချစ်၊ တို့ ၃ ဦးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ထော်လာဂျီယာဥ်တိုက်မှုကြောင့် ဦးအောင်ကြည်နှင့် ဦးကြီးညိုတို့ ၂ ဦးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကုလား(ခ)တိုးဝင်းအောင် မှာ ရင်ဘတ်စုတ်ပြဲ/ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ယာဉ်မောင်း ကောင်းဇော်အား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN #ယာဥ်တိုက်မှု #အောင်မြေသာစံမြို့နယ်