(အားကစား) ဇန်နဝါရီ ၂၆

အေစီမီလန်အသင်းမှာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ အသင်းဂန္ထဝင်ကစားသမား အီဘရာဟီမိုဗစ် က မန်ယူတိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် ကိုခေါ်ယူရန်ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းနဲ့ မန်ယူအသင်း တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် ဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုကြောင်း ပြောကြားခဲ့ပြီးနောက် မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်မရတော့ဘဲ လက်ရှိဇန်နဝါရီ အပြောင်းအရွှေ့တွင် အသင်းပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းက ရက်ရှ်ဖို့ဒ် အားခေါ်ယူရန် ရေပန်းစားနေပြီး ၎င်းရဲ့အေးဂျင့်နဲ့ ဆွေးနွေးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။
အီဘရာဟီမိုဗစ် က ရက်ရှ်ဖို့ ဟာ မန်ယူအသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ပြနိုင်ခဲ့သူဖြစ်ကြောင်းနဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ အခက်အခဲရှိနိုင်ပြီး ခေါ်ယူနိုင်ရန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews