(ပြည်တွင်း) ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယခုလအတွင်း ပဲခူးမြို့၏ ကျက်သရေဆောင် ကမ္ဘောဇသာဒီနန်းတော်ပုံစံတူအား LED မီးများဖြင့်ပုံဖော်ထားသော ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့ လူကူးဂုံးကျော်တံတား၏ ဝဲ/ယာနှစ်ဘက်တွင် တပ်ဆင်ထာကြောင်း သိရသည်။

အဆိုပါနေရာသို့ ညအချိန်တွင် အများပြည်သူများမှ လာရောက်၍လေ့လာခြင်း၊ လည်ပတ်ခြင်း၊ အလှဓာတ်ပုံများရိုက်ကူးသူများဖြင့် စည်းကားလျက်ရှိပြီး အဆိုပါ ကမ္ဘောဇသာဒီနန်းတော်ပုံစံတူအား ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ တည့်တည့်တွင်လူကူးဂုံးကျော်တံတားတွင် ဖန်တီးပုံဖော်ထားရှိသဖြင့် ပဲခူးမြို့အလယ်အား ဖြတ်သန်းသွားလာသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူအများမှ စိတ်အေးချမ်းသာယာဖွယ် ရှူမြင်ရကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
Telegram»…
https://t.me/positiveanglenews