စစ်စခန်းလုပ်ထားတဲ့ စာသင်ကျောင်းထဲမှာ အင်တာနက်စုသုံးနေတဲ့ PDF တွေကို လေကြောင်းကရှင်းလင်းလို့ PDF ဆယ်ချီသေဆုံး

(ပြည်တွင်း) ဇန်နဝါရီ ၂၆

စာသင်ကျောင်းကိုစစ်စခန်းပြုလုပ်ပြီး အင်တာနက်စုဝေးအသုံးပြုနေတဲ့ မြင်းခြံမြို့နယ်ထဲက PDF စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးကြဲရှင်းလင်းတာကြောင့် PDF အဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ တလုပ်မြို့အနီး မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်မှာရှိတဲ့ ဆင်းဂွတ်ကျေးရွာက PDF စစ်စခန်းကို ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေဗုံးကြဲ​တိုက်ခိုက်ခဲ့တယ်လို့ တလုပ်မြို့ခံတွေကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ လေယာဥ်နှစ်စီးရောက်လာပြီး စခန်းလုပ်ထားတဲ့စာသင်ကျောင်းပေါ်ကို ဗုံးကြဲခဲ့လို့ StarLink အင်တာနက်စုပြီးသုံးနေတဲ့ PDF အဖွဲ့တွေ သေဆုံးတာခဲတာဖြစ်ပြီး အဲဒီ PDF စခန်းကို ကင်းထောက်ရာက ခြေရာခံရရှိသွားတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ​ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ PDF တွေဟာ မြင်းခြံဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာ ဘယ်အဖွဲ့အစည်းကမှထုတ်ပြန်ထားတာမရှိပဲသလို ဘယ်လောက်သေဆုံးတယ်ဆိုတာကိုတော့ အတိအကျထုတ်ပြန်ထားကြတာတော့ မရှိသေးပါဘူး။

မြင်းခြံမြို့နယ် မြင်းခြံ – ဆီမီးခုံကားလမ်းပေါ်မှာရှိပြီး လူဦးရေ ၁၀၀၀ ကျော်သာနေထိုင်တဲ့ ဆင်းဂွတ်ကျေးရွာက အဲဒီ PDF စခန်းကနေ အမြန်လမ်းပေါ်ကို ၂ နာရီခန့်သွားရပြီး အမြန်လမ်းပေါ်ကရဲစခန်းတွေကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာ အမြန်လမ်းပေါ်တက်ပြီး မော်တော်ယာဥ်တွေကို တားဆီးတာတွေ ပြုလုပ်ခဲ့နေတာကြောင့် ထောက်လှမ်းပြီး ခုလိုဗုံးကြဲတိုက်ခိုက်တာလို့လည်း သိရပါတယ်။

#PAN #ဆင်းဂွတ်ကျေးရွာ #မြင်းခြံမြို့နယ် #နေပြည်တော်မန္တလေးအမြန်လမ်း