နေပြည်တော်စည်ပင်မှ လုပ်ငန်းလိုင်စင် ၄၀ ကျော်ကို လေလံစနစ်ဖြင့်ရောင်းချမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၆

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလိုင်စင် ၄၀ ကျော်ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

အဆိုပါလုပ်ငန်းများတွင် နေပြည်တော်ဝင်ကြေးဘီးကောက်လုပ်ငန်းလိုင်စင် ၄ ခု၊ တန်ပိုကြေးကောက်ခံခွင့် လုပ်ငန်းလိုင်စင် ၁ ခု၊ ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ကြေးနှင့် သန့်စင်ခန်း၊ ရေချိုးခန်းဝင်ကြေး ကောက်ခံခွင့်လုပ်ငန်းလိုင်စင် ၁ ခု၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်တို့မှ ပုဂ္ဂလိက အပေါင်ဆိုင် လုပ်ငန်းလိုင်စင် ၃၈ ခုနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ပုဗ္ဗသီရိအမှိုက်ကွင်းတွင် Recycle ပစ္စည်းများ ကောက်ယူခွင့်လုပ်ငန်းလိုင်စင် ၁ ခု အပါအဝင် စုစုပေါင်းလုပ်ငန်းလိုင်စင် ၄၅ ခုတို့အား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချမှုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၆ ရက်တွင် ပြုလုပ်သွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသူများက လေလံလျှောက်လွှာနှင့် စည်းကမ်းချက်များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် အခွန်ဌာနတို့တွင် ရုံးချိန်အတွင်းဝယ်ယူ၍ ဖေဖော်ဝါရီလ ၄ ရက်တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN #နေပြည်တော်စည်ပင် #လုပ်ငန်းလိုင်စင်