ကယ်လီဖိုးနီးယားပြည်နယ်ဝန်ကြီးချုပ်နှင့် လက်တွဲဆောင်ရွက်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား


(နိုင်ငံတကာ) ဇန်နဝါရီ ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် သမ္မတတာဝန်များကို လွှဲပြောင်းလက်ခံခဲ့ပြီးနောက် ဇန်နဝါရီလ ၇ ရက်မှစ၍ တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုဖြင့် ရင်ဆိုင်ခဲ့ရသည့် လော့စ်အိန်ဂျလိစ်မြို့ ပြန်လည်ထူထောင်ရေးအတွက် ကယ်လီဖိုးနီးယားပြည်နယ်ဝန်ကြီးချုပ်နှင့် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဒေါ်နယ်ထရန့် သည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်သော်လည်း ကယ်လီဖိုးနီးယားပြည်နယ်ဝန်ကြီးချုပ်နှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့် အနေဖြင့် ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန်ရည်ရွယ်ထားပြီး လော့စ်အိန်ဂျလိစ်ကောင်တီ ပြန်လည်ထူထောင် ရေးတွင် ကယ်လီဖိုးနီးယားပြည်နယ်ဝန်ကြီးချုပ်နှင့် တိုက်ရိုက်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည် သိရပါတယ်။

လော့စ်အိန်ဂျလိစ် ကောင်တီ တောမီးကူးစက်လောင်ကျွမ်းမှုတွင် ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ၏ အားနည်းချက်များကြောင့် ထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်းမရှိဘဲ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှု များပြားခဲ့ခြင်းဖြစ်သည်ဟု ဒေါ်နယ်ထရန့် က ကောက်ချက်ချထားကြောင်းလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN #ကယ်လီဖိုးနီးယား #ထရန့်