အရှေ့တောင်အာရှဒေသရှိ မြို့ကြီးတချို့ ကမ္ဘာ့လေထုညစ်ညမ်းမှုနှုန်း အမြင့်ဆုံးမြို့များစာရင်းတွင် ပါဝင်နေ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၆

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် IQ Air အဖွဲ့အစည်းက ကမ္ဘာ့လေထုညစ်ညမ်းမှု အမြင့်မားဆုံးသော မြို့ကြီး များစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် အရှေ့တောင်အာရှဒေသမှ မြို့ကြီးတချို့ပါဝင်နေကြောင်း သိရသည်။

IQ Air အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်မားဆုံးသော မြို့ကြီးများစာရင်း တွင် အရှေ့တောင်အာရှဒေသများဖြစ်သော ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ ပါဝင်နေကြောင်း သိရသည်။

၎င်းနိုင်ငံများအနက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေထု ညစ်ညမ်းမှုအပြင် မြို့တော်အတွင်း မီးခိုးငွေ့များဖုံးလွှမ်းနေပြီး အမိုးအကာမရှိသည့်နေရာများတွင် နေ့စဉ်အလုပ်လုပ် ကိုင်နေရသည့် ပြည်သူများ၏ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေကြောင်း သိရသည်။

လေထုညစ်ညမ်းမှုများ အဓိကဖြစ်ပေါ်နေရသည့် အကြောင်းရင်းများတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေနေရာရှင်းလင်းရာတွင် မီးရှို့ရှင်းလင်းခြင်း၊ စက်မှုဇုန်များမှ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှု မြင့်မားခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အစရှိသည်တို့ အဓိကပါဝင်နေကြောင်း IQ Air အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN #လေထုညစ်ညမ်းမှု #IQ Air အဖွဲ့