(ပြည်တွင်း) ဇန်နဝါရီ ၁၈
နိုင်ငံတော်မှ ကိုဗစ်-၁၉ ချေးငွေအဖြစ် ထုတ်ချေးပေးထားသည့် ကျပ်ဘီလီယံ ၂၀၀ အနက် ပြန်လည်ပေးသွင်း ရာတွင် ကျပ် ၈၂ ဘီလီယံ ကျန်ရှိနေသေးကြောင်း ဇန်နဝါရီလ ၁၆ ရက်ကကျင်းပသည့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ချေးငွေကျပ် ဘီလီယံ ၂၀၀ မှ နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေကို ငွေကျပ် ၅၀ ဘီလီယံနှင့် အထွေအထွေ ပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် ၁၅၀ ဘီလီယံမှ ငွေကျပ် ၆၈ ဘီလီယံ စုစုပေါင်း ငွေကျပ် ၁၁၈ ဘီလီယံကို ပြန်လည်ကောက်ခံပြီးစီးမှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံတော်ကို ငွေပြန်လည်ပေးသွင်းမှုအခြေအနေ၊ ပြန်လည်ပေးဆပ်ဆဲနှင့် ပေးဆပ်ရန်ကျန်ရှိ နေသည့် ချေးငွေများကို စီမံခန့်ခွဲမှုနည်းလမ်းများကို ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍကို ထုတ်ပေးထားသည့် ချေးငွေများမှာ ၂၀၂၅ ခုနှစ်အတွင်း ခွင့်ပြုပေးထားတဲ့ ချေးငွေသက်တမ်း ပြည့်မြောက်တော့မှာဖြစ်လို့ ပြန်လည်ပေးဆပ်ရန် ကြိုတင် အသိပေး အကြောင်းကြားစာထုတ်ပြန်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews