ခရီးသည်တင်YBS ကား ဓာတ်တိုင်ဝင်တိုက်ပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွား


(မှုခင်း)ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် YBS ကား မှဓာတ်တိုင်ဝင်တိုက်မိပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ည ၉နာရီ၄၄မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ အမှတ်(၄) လမ်းအတိုင်း မောင်းနှင်လာသည့် ခရီးသည်တင် YBS ကားသည် ဓာတ်တိုင်အားဝင်တိုက်မိပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ် ပွားစေရန် ဂတ်စ်ပိုက်ပိတ်ခြင်းနှင့် တခြားလိုအပ်သည်များကို ပြုလုပ်ခဲ့ ဆောင်ရွက်ခဲ့ကြပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

#PAN #YBS #ရန်ကုန် #ဂက်စ်ယိုစိမ့်မှု