KIA မှ ကျောက်အလွန်အကျွံ့တူးနေသည့် ဖားကန့်တွက် နွံကန်ပြိုကျမှု သေဆုံးသူ ၈ ဦးထက်မနည်းရှိ လူနေအိမ် ၆၀ နီးပါး ပျက်စီး

(ပြည်တွင်း) ဇန်နဝါရီ ၁၃

ကချင်အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာတွင် နွံကန်တစ်ခုပြိုကျမှုကြောင့် သေဆုံးသူ ၈ ဦးထက်မနည်းရှိနေပြီး လူနေအိမ် ၆၀ နီးပါး ပျက်စီးခဲ့သည်ဟု ဒေသခံတွေများမှ ပြောသည်။

ကချင်ပြည်နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်း ၁ နာရီအချိန်ခန့်၌ ရတနာအဓိပတိ နွံကန် ပြိုကျခဲ့သည့်အတွက် ကျေးရွာရှိ ‌‌‌‌လူနေအိမ်(၆ဝ)နီးပါး ပျက်စီးခဲ့ရပြီး သေဆုံးသူ ၈ ဦးထက်မနည်း ရှိခဲ့သည်ဟုလည်း ဆိုကြသည်။

လက်ရှိတွင် သေဆုံးသူများ၏ရုပ်အလောင်း ၈ လောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှရှာဖွေတွေ့ရှိထားပြီး  ရှာဖွေကယ်ဆယ်များ လုပ်နေကြကြောင်း အိမ်မွေးတရိစ္ဆာန် များလည်း သေဆုံးသွားကြောင်း သိရသည်။

ယခုပြိုကျသည့် နွံကန်ပြိုကျမှာ KIA ထိန်းချုပ်ထားသည့် နေရာများဖြစ်ပြီး KIA အဖွဲ့များမှ ကျောက်အလွန်အကျွံ့တူးဖော်ခြင်း၊ လုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ခံပြီး ကျောက်များ တူးဖော်စေခဲ့ခြင်းတို့ကြောင့် ၎င်းနွံကန်မှာ ပြိုကျခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

ဒေသခံတွေဟာ ကျောက်တူးဖော်မှုတွေကို ရပ်ဆိုင်‌ပေးဖို့ KIA ထံ တောင်းဆိုခဲ့ကြပေမယ့် ရပ်ဆိုင်းမပေးတဲ့အပြင် လုပ်ငန်းရှင်တွေကို ဆက်လုပ်ခွင့်ပေးထားသကဲ့သို့ ဆက်ကြေးအမြောက်အများတောင်းခံပြီး လုပ်ကွက်တွေထပ်လုပ်ခွင့်ပေးနေတာကြောင့် နွံ့ကန်ပြိုကျရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိတွင် စပေါ့ရွာ နွံကန်ပြိုကျတွင် ဒေသခံကျေးရွာသားများနှင့် လူမူကူညီရေးအဖွဲ့အချို့မှ ကူညီရှာဖွေမှုများ ပြုလုပ်နေပြီး KIA များ လာရောက်ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

#PAN #ဖားကန့် #နွံကန်ပြိုကျ #KIA