မဟာအောင်မြေ KBZဘဏ် ဓာပြတိုက်သူကို ဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီး

(မှုခင်း) ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်ရပ်ကွက်၊လမ်း ၄၀၊၇၂×၇၃ လမ်းကြားရှိ KBZ -ဘဏ်ခွဲ 37 တွင် ယနေ့မွန်းလွဲ၂နာရီ၃၅မိနစ်အချိန်ခန့်က လုယက်မှူ ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ KBZ -ဘဏ်ခွဲ 37တွင် လုံခြုံရေး ဝန်ထမ်းကျား ၁ဦး အပါ ဝန်ထမ်း၂၁ဦး ဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ပျောက်ကျား အင်္ကျီလက်ရှည်၊ဘောင်းဘီအနက်ရောင် အရှည် ဝတ်ဆင်ထာသူ အမျိုးသား ၁ဦးမှ ငွေလွှဲ ငွေထုတ် ပြုလုပ်မည့်ပုံစံနှင့် ဝင်ရောက်လာပြီး ကောင်တာ အမှတ်(၄)ရှေ့တွင်ရပ်၍ ၎င်းတွင် ပါလာသည့် သေနတ်ဖြင့် ကောင် တာအနောက်ရှိ ဝန်ထမ်းများအား ချိန်ရွယ်၍ ဝပ်နေရန် ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတွင် အသင့်ပါလာသည့် အနက်နှင့်အပြာ နှစ်ရောင်စပ် ကျောပိုးအိပ်အတွင်းသို့ ငွေစက္ကူများအား ထည်းခိုင်းသဖြင့် ကောင်တာမှ ဝန်ထမ်းများက ငွေများထည့်ပေးပြီး ဘဏ်မှ ဒု-တာဝန်ခံမန်နေဂျာ ဦးလမင်းကိုကိုမှ ငွေထည့်ထားသည့် ကျောပိုးအိပ်အား သေနတ်ပြ ငွေတောင်းသူထံပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် သေနတ်သမားမှ လမ်း ၄၀ ဝင်ပေါက်တံခါးမှ ပြန်ထွက်မည်ပြုစဉ် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမင်းမြတ်ကိုနှင့် တာဝန်ခံမန်နေဂျာ ဦးကျော်ဇင်မြင့်၊ ဒု-တာဝန်ခံမန်နေဂျာ ဦးလမင်းကိုကိုတို့မှ လုယက်သူအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ လုယက်သူမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဦးလမင်းကိုကို၏ ဝဲဘက်လက် ကျည်ထိမှန်ခဲ့ပြီး လုယက်သူသေနတ်သမားအား ဖမ်းဆီးရမိခဲ့ကာ ဘဏ်မှ ငွေကြေးတစ်စုံတစ်ရာ ပါသွားမှုမရှိကြောင်း၊ တရားခံအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

PAN #KBZ_Bank #ဓားပြတိုက် #မန္တလေး