မန္တလေးတောင် အဆင်းလမ်း၌ ကားတစ်စီး‌ အရှိန်လွန်၍ တောင်အောက်ပြုတ်ကျ


(မှုခင်း) ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(ခ/၄၁၆)၊ မန္တလေးတောင်အဆင်းလမ်း၌ ကားတစ်စီး‌ အရှိန်လွန်၍ တောင်အောက်ပြုတ် သို့ ကျခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်မောင်း ဦးသိုက်စိုးမောင်းနှင်သည့် MDY-21/……..I-ZONE လိုက်ထရပ် အဖြူရောင်ယာဉ်သည် ခရီးသည် ကျား ၁၁ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၆ ဦးအားတင်ဆောင်၍ မန္တလေးတောင်ပေါ်သို့ ဘုရားဖူးလိုက်ပါပို့ဆောင်ပြီး တောင်အောက်သို့ ပြန်ဆင်းလာစဉ် တောင်တက်လမ်းတစ်ဝက် ဂျပန်ဘုရားအောက် ဒုတိယကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ‌ယာဘက်တောင်အောက်သို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ယာဉ်မောင်းပါ ၁၇ ဦးအနက် ၁၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် တင်ပို့ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN