ဇွန် ၃၀
ယနေ့ နံနက် ၇ နာရီအချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိရွှေသံလွင်( တိုးဂိတ်ဟောင်း )ရှိ လုံခြုံရေးတပ်ဖွဲ့များကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁)နှင့် PDF အကြမ်းဖက်အဖွဲ့တို့ ပူးပေါင်း၍ Drop Bomb ဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာတွင်ဒရုန်းဗုံးတစ်လုံးမှာ ရွှေသံလွင်တိုးဂိတ်အဟောင်း၏ အနောက်မြောက်ဘက်ကိုက်( ၁၀၀ )ခန့်အကွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမြေသားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ထပ်ဗုံးတစ်လုံးမှာတိုးဂိတ်ဟောင်း၏မြောက်ဘက်ကိုက်( ၅၀ )ခန့်အကွာတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
အလားတူ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စု ၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အလူးကျေးရွာ အထပ်သားစက်ရုံနားတွင်ကျိုက်ထိုဘက်ခြမ်းမှ ဘီးလင်းဘက်သို့မောင်းနှင်းလာသော တပ်မတော်ယာဉ်တန်း ကား ၄ စီးကို ယနေ့ နံနက် ၈ နာရီအချိန်က အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁)နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်စစ်ယာဉ်တန်း ကား ၂ စီးမှာအနည်းငယ်ပျက်စီးသွားကြောင်းသိရပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
ထို့ပြင် ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေး ရွာ၊ သံတံတားဂိတ်အား ယနေ့ နံနက် ၁၁ အချိန်က PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဒရုန်းဗုံး ၄ လုံးဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ ဘီးလင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့များအား တစ်နေ့ထဲတွင် ၃ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။
#PAN