ဘီးလင်းမြို့နယ်​အတွင်း အကြမ်းဖက်သောင်း ကျန်းသူ KNU တပ်​မဟာ(၁)နှင့်​ PDF အကြမ်း ဖက်​ပူးပေါင်းအဖွဲ့များက လုံခြုံ​ရေးတပ်​ဖွဲ့များကို Drop Bomb ဖြင့်​တိုက်ခိုက်၊တပ်​မ​တော်​ယာဉ်​တန်းကို မိုင်းဆွဲတိုက်​ခိုက်​

ဇွန် ၃၀

      ယနေ့ နံနက်​ ၇ နာရီအချိန်​က မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊​ဒေါက်​ရပ်​ကျေးရွာအုပ်​စု၊ ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးလမ်း​ပေါ်ရှိ​ရွှေသံလွင်​( တိုးဂိတ်​ဟောင်း )ရှိ လုံခြုံ​ရေးတပ်​ဖွဲ့များကို  အကြမ်းဖက်သောင်းကျန်းသူ KNU တပ်​မဟာ(၁)နှင့်​ PDF အကြမ်းဖက်​အဖွဲ့တို့ ပူး​ပေါင်း၍ Drop Bomb ဖြင့်​လာ​ရောက်​တိုက်​ခိုက်​ခဲ့ရာတွင်​ဒရုန်းဗုံးတစ်​လုံးမှာ​ ရွှေသံလွင်​တိုးဂိတ်​အ​ဟောင်း၏ အ​နောက်​မြောက်​ဘက်​ကိုက်​( ၁၀၀ )ခန့်​အကွာ ရန်​ကုန်​-​မော်​လမြိုင်​ကားလမ်း​ဘေး​မြေသား​ပေါ်သို့ ကျ​ရောက်​ပေါက်​ကွဲခဲ့ပြီး​နောက်​ထပ်​ဗုံးတစ်​လုံးမှာ​တိုးဂိတ်​ဟောင်း၏​မြောက်​ဘက်​ကိုက်​( ၅၀ )ခန့်​အကွာတွင်​ကျ​ရောက်​ပေါက်​ကွဲခဲ့ပြီး လူထိခိုက်​ဒဏ်​ရာရရှိမှုမရှိ​ကြောင်းသိရသည်​။

      အလားတူ ဘီးလင်းမြို့နယ်​၊ အလူး​ကျေးရွာအုပ်​စု ၊ ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးလမ်း​ပေါ်ရှိ အလူး​ကျေးရွာ အထပ်​သားစက်​ရုံနားတွင်​ကျိုက်​ထိုဘက်​ခြမ်းမှ ဘီးလင်းဘက်​သို့​မောင်းနှင်းလာ​သော တပ်​မ​တော်​ယာဉ်​တန်း ကား ၄ စီးကို ယနေ့ နံနက်​ ၈ နာရီအချိန်​က အကြမ်းဖက်သောင်းကျန်းသူ KNU တပ်​မဟာ(၁)နှင့်​ PDF အကြမ်းဖက်​ပူးပေါင်းအဖွဲ့က  မိုင်းဆွဲတိုက်​ခိုက်​ခဲ့သဖြင့်​စစ်​ယာဉ်​တန်း ကား ၂ စီးမှာအနည်းငယ်​ပျက်စီးသွား​ကြောင်းသိရပြီး လူထိခိုက်​ဒဏ်​ရာရရှိမှုမရှိ​ကြောင်းသိရသည်​။

     ထို့ပြင် ဘီးလင်းမြို့နယ်​၊ သဲဖြူ​ချောင်း​ကျေး ရွာ၊ သံတံတားဂိတ်​အား​ ယနေ့ နံနက် ၁၁ အချိန်​က PDF အမည်ခံ အကြမ်းဖက်​အဖွဲ့များက ဒရုန်းဗုံး ၄ လုံးဖြင့်​လာ​ရောက်​တိုက်​ခိုက်​ခဲ့ကြပြီး လူထိခိုက်​ဒဏ်​ရာရရှိမှုမရှိ​ကြောင်းသိရသည်​။ ဘီးလင်းမြို့နယ်​လုံခြုံ​ရေးတပ်​ဖွဲ့များအား တစ်​နေ့ထဲတွင်​  ၃ ကြိမ်​ လာရောက် တိုက်​ခိုက်​ခဲ့ကြ​ကြောင်းသတင်းရရှိသည်​။

#PAN