မင်းလှမြို့နယ်အတွင်းမှ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ရာအိမ်မှူး တစ်ဦးကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက သေနတ်ဖြင့်ပစ်ခတ်ခဲ့

ဇွန် ၃၀

      ပဲခူးတိုင်း​ဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမြင့်၊ ၄၉ နှစ်၊(ဘ)ဦးဖို့းပြောင်၊ဗမာ/ဗုဒ္ဓ နှင့် စရစ်မြှောင်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဌေး၊၅၈ နှစ်၊(ဘ)ဦးမြစိန်၊ ဗမာ/ဗုဒ္ဓ တို့သည် ရန်ကုန် – ပြည်လမ်းမ၊ သပြေစမ်းရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် (စိစစ်ဆဲ)လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များကသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါသည်။

     သေဆုံးသူ ဦးလှမြင့်နှင့် ဦးမြင့်ဌေးတို့နှစ်ဦးသည် ခွက်မကျေးရွာမှ မင်းလှမြို့သို့ အလုပ်ကိစ္စဖြင့် ယာဥ်အမှတ် ၂၆ ယ/ ၃၄၃၃၂ တပ်ဆင်ထားသော ဆိုင်ကယ်ဖြင့် သွားရောက်စဥ် အခင်းဖြစ်နေရာအရောက်တွင် (စိစစ်ဆဲ)လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းသွားလမ်းလာများ၏ သတင်းပို့မှသာ သိရှိရကြောင်း၊ ဦးလှမြင့်သည် အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သကဲ့သို ပြည်ခိုင်ဖြိုးပါတီဝင်လည်းဖြစ်ကြောင်း သတင်းရရှိပါ သည်။

      အဆိုပါ ခွက်မကျေးရွာအုပ်စုမှ ယခင်အုပ် ချုပ်ရေးမှူး ဦးထွန်းလွင်(ပြည်ခိုင်ဖြိုးပါတီ ဝင်)ကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အကြမ်းဖက်သောင်းကျန်းသူ PDF များက သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

#PAN

ဇွန် ၃၀       ပဲခူးတိုင်း​ဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမြင့်၊ ၄၉ နှစ်၊(ဘ)ဦးဖို့းပြောင်၊ဗမာ/ဗုဒ္ဓ နှင့် စရစ်မြှောင်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဌေး၊၅၈ နှစ်၊(ဘ)ဦးမြစိန်၊ ဗမာ/ဗုဒ္ဓ တို့သည် ရန်ကုန် – ပြည်လမ်းမ၊ သပြေစမ်းရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် (စိစစ်ဆဲ)လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များကသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါသည်။      သေဆုံးသူ ဦးလှမြင့်နှင့် ဦးမြင့်ဌေးတို့နှစ်ဦးသည် ခွက်မကျေးရွာမှ မင်းလှမြို့သို့ အလုပ်ကိစ္စဖြင့် ယာဥ်အမှတ် ၂၆ ယ/ ၃၄၃၃၂ တပ်ဆင်ထားသော ဆိုင်ကယ်ဖြင့် သွားရောက်စဥ် အခင်းဖြစ်နေရာအရောက်တွင် (စိစစ်ဆဲ)လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းသွားလမ်းလာများ၏ သတင်းပို့မှသာ သိရှိရကြောင်း၊ ဦးလှမြင့်သည် အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သကဲ့သို ပြည်ခိုင်ဖြိုးပါတီဝင်လည်းဖြစ်ကြောင်း သတင်းရရှိပါ သည်။       အဆိုပါ ခွက်မကျေးရွာအုပ်စုမှ ယခင်အုပ် ချုပ်ရေးမှူး ဦးထွန်းလွင်(ပြည်ခိုင်ဖြိုးပါတီ ဝင်)ကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အကြမ်းဖက်သောင်းကျန်းသူ PDF များက သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။ #PAN