ယနေ့ ကုန်ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ

ဇွန် ၃၀

      ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေ ယနေ့ ရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ မြင့်တက်နေပြီး ကုလားပဲဈေးကတော့ ကျဆင်းနေပါတယ်။  ကြက်သွန်နီဈေး အနည်းငယ်တက်လာသလို အာလူးဈေးတွေလည်း တက်လာပါတယ်။ ပြောင်းဆန်ဈေးကတော့ ဆက်တိုက် ကျဆင်းပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၇၂,၇၆၅ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၈၀,၃၈၅ ကျပ်၊ မတ်ပဲ (RAW) တစ်ပိဿာကို ၃,၇၂၅ ကျပ်ကနေ ၃,၇၆၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၆,၉၄၅ ကျပ်၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၂,၅၈၀ ကျပ်ကနေ ၂,၉၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၂,၇၅၀ ကျပ်ကနေ ၂,၉၂၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၂၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၇,၂၀၀ ကျပ်ကနေ ၈,၇၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၄၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၅၈.၅၆၁ ကျပ် ဈေး ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၁,၉၄၅ ကျပ်၊ မန္တလေးမှာ ၁,၉၉၀ ကျပ်၊ နေပြည်တော်မှာ ၁,၉၈၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၀၃၅ ကျပ်၊ မန္တလေးမှာ ၂,၀၈၅ ကျပ်၊ နေပြည်တော်မှာ၂,၀၈၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၁,၉၂၅ ကျပ်၊ မန္တလေးမှာ ၁,၉၇၅ ကျပ်၊ နေပြည်တော်မှာ ၁,၉၇၀ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၀၀၅ ကျပ်၊ မန္တလေးမှာ ၂,၀၅၅ ကျပ်၊နေပြည်တော်မှာ၂,၀၅၀ ကျပ် ဈေးရှိနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီမီးလင်းရွှေဈေးနှုန်း ကတော့ ကျပ်သိန်း (၂,၂၄၄,၃၀၀ိ/-) နှစ်ဆယ့် နှစ်သိန်း  လေးသောင်း လေးထောင့် သုံးရာ ရှိနေတယ်လို့ သိရပါတယ်။

#PAN