တရုတ်နှင့်ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးမည်


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၅

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာတို့သည် ဒီဇင်ဘာလ ၂၅ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာ သည် တစ်ရက်ကြာ တရုတ်ခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ယနေ့တွင် ပေကျင်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ယခုနှစ်အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာဝန်စတင်ရယူခဲ့သော အီဝါယာအတွက် ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက် ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့အနေ ဖြင့် တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာပို့ကုန်များ ပိတ်ပင်ထားမှု ပြဿနာကို ထည့်သွင်းဆွေးနွေးဖွယ် ရှိသည်။

ဖူကူရှီးမား နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ဂျပန်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်း စွန့်ထုတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ သည် ဂျပန်ပင်လယ်စာများ တရုတ်နိုင်ငံသို့ တင်သွင်းမှု ကို စတင်ပိတ်ပင်ခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာသည် တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ ပေကျင်းသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN