(နိုင်ငံတကာ) ဒီဇင်ဘာ ၁၆
အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် Mayotte ကျွန်းစုအား ဆိုင်ကလုန်း မုန်တိုင်း Chido ဝင်ရောက်တိုက်ခတ်မှုတွင် လူပေါင်းထောင်ချီသေဆုံးနိုင်ကြောင်းသိရသည်။
အဆိုပါ မုန်တိုင်းသည် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး သေဆုံးသူ ရာနှင့် ထောင်နှစ်ချီနိုင်ကြောင်း ပြင်သစ်အာဏာပိုင်များကဆိုသည်။
ဆိုင်ကလုန်း Chido ဝင်ရောက်တိုက်ခိုက်ချိန်တွင် တစ်နာရီ ၁၂၄ မိုင်အထိ တိုက်ခတ်ခဲ့ပြီး လူနေအိမ်များ အစိုးရဌာနအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ပြင်သစ်ဗဟိုအစိုးရ၏ စီမံခန့်ခွဲမှုဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ရန် ပြစ်သစ်စစ်တပ်က ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews