တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဈေးရောင်းသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

(မှုခင်း) နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုနှစ်ခု ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဈေးရောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ နိုဝင်ဘာ ၇ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး (၅၆) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁) ရပ်ကွက်နေ ဦးကြည်ထွေး (၅၇) နှစ်သည် မီးရှောင်ကုန်းကျေးရွာသို့ ဈေးရောင်းရန် သွားရောက်စဉ် ကျေးရွာအဝင်လမ်းဆုံ၌ PDF အမည်ခံ အကြမ်းဖက်သမား လေးဦးနှင့် တွေ့ဆုံခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသဖြင့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN