ထရမ့်က ၎င်း၏ ကျမ်းကျိန်ပွဲအား ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မျာကို ဖိတ်ကြားထား


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၃

တကျော့ပြန် ရွေးကောက်ခံရသည့် အမေရိကန်သမ္မတသစ် ထရမ့်သည့် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအား ကမ္ဘာ့နိုင်ငံကြီး အများအပြားမှ ခေါင်းဆောင်များကို ဖိတ်ကြားထားကြောင်းသိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုလည်း ဖိတ်ကြားထားပြီး တရုတ်သမ္မတအနေဖြင့် တက်ရောက်နိုင်ခြင်းရှိမရှိကိုမူ တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

ထရမ့်၏ ဖိတ်ခေါ်မှုတွင် အမေရိကန်၏ မိတ်ဖက်နိုင်ငံများအပါအဝင် ဆန့်ကျင်ဘက်နိုင်ငံများ ပါဝင်ကြောင်းသိရသည်။

အဆိုပါဖိတ်ခေါ်မှုများတွင် အီတလီဝန်ကြီးချုပ်၊ အာဂျင်တီးနားသမ္မတနှင့် အယ်ဆာဗေဒိုသမ္မတို့ ပါဝင်ကြောင်းသိရပြီး ၎င်း၏ ဖိတ်ခေါ်မှုများသည် အလွတ်သဘောဖိတ်ကြားခြင်းများ ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN