(ပြည်တွင်း) ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ တောပြားကျေးရွာ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ယာခင်း၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
ဖြစ်စဥ်တွင် သေဆုံးသူ ဦးဇေယျာသည် ဇနီးဖြစ်သူ ဒေါ်သက်သက်ဝင်း၊ ၃၅ နှစ်၊ (ဘ)ဦးကျော်ဝင်းနှင့်အတူ ယာခင်းအတွင်းရှိနေစဥ် အကြမ်းဖက် PDF ၆ ဦး၊သေနတ်အရှည်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးဇေယျာအား သေနတ်ဖြင့် ပစ်ခတ်၍ သပြေဝကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးသွားကြောင်း ဇနီးဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ဦးဇေယျာ၊ ၃၅ နှစ်၊ (ဘ)ဦးအောင်ဝင်း၊ တောပြားကျေးရွာ၊ ငါ့သရောက်တိုက်နယ်နေသူအား ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း အခင်းဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၁ ခု၊ ၇.၆၂ ကျည်ခွံ ၁ ခုတို့အား တွေ့ရှိရကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews