တောင်ကိုရီးယား သမ္မတက နိုင်ငံကို အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

(နိုင်ငံတကာ) ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သည် ဘတ်ဂျက်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပါလီမန်အငြင်းပွားနေချိန်တွင် နိုင်ငံအား “ကွန်မြူနစ်အင်အားစုများ”ရန်မှကာကွယ်ရန်အတွက် အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ကွန်မြူနစ်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုများမှ တောင်ကိုရီးယားကို ကာကွယ်ရန်နှင့် နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အစိတ်အပိုင်းများကို ချေမှုန်းရန် ယခုကဲ့သို့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ရခြင်းဖြစ်ကြောင်း Yoon က ရုပ်သံမှ တိုက်ရိုက် မိန့်ခွန်း ပြောကြားခဲ့သည်။

“ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ဂရုမစိုက်ဘဲ၊ အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု၊ အထူးစုံစမ်းစစ်ဆေးမှုတွေနဲ့ သူတို့ရဲ့ခေါင်းဆောင်ကို တရားမျှတမှုကနေ အကာအရံတွေ ပေးဖို့အတွက် အတိုက်အခံပါတီက အုပ်ချုပ်ရေးကို ပျက်ပြားစေခဲ့တယ်” လို့ တောင်ကိုရီးယာသမ္မတက ပြောဆိုခဲ့သည်။

Yoon’s People Power Party နဲ့ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီတို့သည် လာမည့်နှစ် ဘတ်ဂျက်ဥပဒေကြမ်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ အံ့အားသင့်ဖွယ် လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref:ABS-CBN

#PAN