ရုရှားက ယူကရိန်းမှ ဗြိတိန်ထုတ် တာဝေးပစ်ဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့


(နိုင်ငံတကာ) နိုဝင်ဘာ ၂၂

ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းမှ ပစ်ခတ်ခဲ့သည့် ဗြိတိန် ထုတ် တာဝေးပစ် ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယူကရိန်းဘက်မှ ဗြိတန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်များ ကို အသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဗြိတိန်သတင်းဌာနကြီးတစ်ခုမှ တရားဝင်ထုတ်ဖော်ရေးသားခဲ့သည်။ ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှ အဆိုပါဒုံးကျည်များကို မည်သည့်ဒေသမှ ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ကို ထုတ်ပြန် ကြေညာခြင်း မရှိပေမယ့် ဗြိတိန်သတင်းဌာနတစ်ခုက ရုရှား၏ ခု့(စ်)ဒေသရှိ ပစ်မှတ်များ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ဖော်ပြထားသည်။

အမေရိကန်သည် ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်များကို ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ပေးလိုက်ပြီးနောက် ယူကရိန်းက ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ် ပြီးနောက် ဗြိတိန်နိုင်ငံကလည်း အမေရိကန်နိုင်ငံနည်းတူ လိုက်ပါလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယူဆနိုင်သည်။ ထို့ကြောင့်လည်း ယူကရိန်းက ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်များကို ရုရှားနိုင်ငံအတွင်းပိုင်းထိ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အမေရိကန်နှင့်ဗြိတိန်တို့က ၎င်းတို့အနေဖြင့် တရားဝင် ပစ်ခတ် ခွင့်ကို ခွင့်ပြုပေးလိုက်ကြောင်း မည်သူမှမပြောပေမယ့် ယူကရိန်းနိုင်ငံသည် ယခုကဲ့သို့ လက်နက်များ ထောက်ပံ့ ပေးထားသည့် နိုင်ငံများ၏ခွင့်ပြုချက်မရရှိဘဲ ပစ်ခတ်နိုင်မည်မဟုတ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN