(နိုင်ငံတကာ) နိုဝင်ဘာ ၂၂
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်း၀ရမ်းထုတ်ဆင့်လိုက်ကြောင်း သိရသည်။
နေတန်ရာဟုနှင့်အတူ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂဲလန့်နှင့် ဟားမတ်စ်ခေါင်းဆောင်အချို့လည်း ဖမ်းဝရမ်းထုတ်ဆင့်ခံခဲ့ရကြောင်းသိရသည်။
ဖမ်းဝရမ်းထုတ်ခံရသူများသည် ဂါဇာ၊ West Bank နဲ့ ပါလက်စတိုင်းနယ်မြေအတွင်း ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုအဖြစ်သတ်မှတ်ကာ ဖမ်း၀ရမ်း ထုတ်ပြန်ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် ဖမ်းဝရမ်းထုတ်ဆင်ခံရမှုနှင့်ပတ်သက်၍ အစ္စရေးအစိုးရအဖွဲ့အကြီးအကဲများနှင့် အမေရိကန်တာဝန်ရှိသူများမှ ဝေဖန်ပြစ်တင်ခဲ့သည်။
Telegram»…
https://t.me/positiveanglenews