(စီးပွားရေး) နိုဝင်ဘာ ၂၂
ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲကို နို၀င်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ထုတ်ကုန်များပြသသွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲမှာ မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံးလုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိသည့် စားသောက်ကုန်များအပြင် ဖိနပ်မှစ၍ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်ပြပွဲမှာ မြန်မာ့စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများအပြင် မြန်မာ့ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်တဲ့ သင်တန်း ကျောင်းများ၊ Cloud Computing နှင့် ပတ်သက်တဲ့ Software ကုမ္ပဏီများလည်း ပါ၀င်ပြသသွားမှာ ဖြစ်ပါတယ်။
ကံစမ်းမဲ အစီအစဉ်အနေနဲ့ ရန်ကုန် – ဘန်ကောက်ခရီးစဥ် Air Ticket (One Way)၊ ဟိုတယ်တည်းခိုခွင့် နှင့် အခြားဆုမဲများစွာပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews