“အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းသူများအားကစားပြိုင်ပွဲ ကျင်းပမည်”

(အားကစား) နိုဝင်ဘာ ၂၂

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အနေနဲ့ မသန်စွမ်းသူများအားကစားပြိုင်ပွဲ ကျင်းပနိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဒုတိယဥက္ကဋ္ဌ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များဖြစ်သည့် တိုင်းဒေသကြီးဌာနဆိုင်ရာ ဦးစီးမှူးများတက်ရောက်ခဲ့ကြပါတယ်။

အစီအစဉ်အရ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ တိုင်း ဒေသကြီးလူမှုဝန်ထမ်း ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြကာ လုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက မိမိတို့ကော်မတီ၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ကြပါတယ်။

အဆိုပါမသန်စွမ်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာမှာ ပြိုင်ပွဲများတွင် သံလုံးပစ်၊ သံပြားပစ်၊ ဝှီးချဲ၊ လှံတံပစ်၊ စစ်တုရင်၊ ဂိုးဘောလ်၊ အပြေးမီတာ(၁၀၀)၊ အပြေးမီတာ(၅ဝ) စတဲ့ အားကစားနည်းများပါဝင်သွားမှာဖြစ်ပြီး ကိုယ်အင်္ဂါ မသန်စွမ်းများအတွက် ဝှီးချဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် တို့ကိုလည်းကောင်း၊ အကြားအာရုံ မသန်စွမ်းများအတွက် မီတာ ၁ဝဝ(ကျား)၊ မီတာ ၅ဝ (ကျား)၊ မီတာ ၅ဝ (၃)တန်း(မ) အပြေးပြိုင်ပွဲတို့ကိုလည်းကောင်း၊ ဉာဏ်ရည်မသန်စွမ်းသူ များအတွက် ကျားမီတာ ၁၀၀ အပြေး၊ မီတာ ၅၀ အပြေး၊ မီတာ ၁ဝဝ လမ်းလျှောက်၊ (မ)မီတာ ၅၀၊ အပြေး မီတာ ၅ဝ လမ်းလျှောက်တို့ကိုလည်းကောင်း၊ အမြင်အာရုံမသန်စွမ်းသူများအတွက် ဂိုးဘောလ်(ကျား/မ) မီတာ ၁ဝဝ၊ သံလုံးပစ် (ကျား/မ)၊ သံပြားပစ်(ကျား/မ)၊ လှံတံပစ်နှင့် စစ်တုရင်ပြိုင်ပွဲတို့ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဗထူးကွင်းနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ လမ်း ၃၀ နှင့် ၆၃ လမ်း ထောင့်တို့တွင် နိုဝင်ဘာလ ၂၇ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်း နိုင်ကြောင်း သိရပါတယ်။