အမေရိကန်၏ တာဝေးပစ်ဒုံးကျည်များက စစ်ပွဲအောင်မြင်ရန် မလုံလောက်ကြောင်းယူကရိန်းလွှတ်တော်အမတ်ပြော

(နိုင်ငံတကာ) နိုဝင်ဘာ ၁၈

မိုင်ပေါင်း ၁၉၀ အထိ ပစ်လွှတ်နိုင်သည့် အမေရိကန်၏ တာဝေးပစ်ဒုံးကျည်များသည် စစ်ပွဲအောင်မြင်ရန် မလုံလောက်ကြောင်း ယူကရိန်းလွှတ်တော်အမတ်ကဆိုသည်။အဆိုပါ ဒုံးကျည်များ အသုံးပြုခွင့်ရသည့် သတင်းအား အမေရိကန် မီဒီယာများ ဖော်ပြနေချိန်တွင် ယူကရိန်းအမတ် Ionova က ဘီဘီစီရေဒီယို၏ အစီအစဉ်တစ်ခုတွင် ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။ယူကရိန်းလွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီဝင်တစ်ဦးဖြစ်သည့် Ionova က အမေရိကန်၏ဆုံးဖြတ်ချက်ကို လေးစားသော်လည်း မဟာဗျူဟာများအပေါ် အခြေခံ၍ အာရုံစိုက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။“ဒုံးကျည်တွေဟာ ကျွန်မတို့ရဲ့ ဘုံရန်သူတွေကို ဆန့်ကျင်တဲ့ ငွေရောင်ကျည်ဆန်မဟုတ်တဲ့အတွက်ကြောင့် ဗျူဟာပြောင်းဖို့ ကျွန်မတို့ မိတ်ဆွေတွေကို တောင်းဆိုနေတာပါ” ဟု သူမက ပြောကြားခဲ့သည်။

#PAN