ရန်ကုန်မှတောင်ကြီးသို့သယ်ပို့မည့် ဆီသယ်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ ကျောက်တံခါးမြို့နယ်တွင်မီးလောင်ခဲ့


(မှုခင်း) နိုဝင်ဘာ ၁၂

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ၊ညောင်လေးပင်ခရိုင် ၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့၊ ကံကလေးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် (၉၅/၁)နှင့်(၉၅/၂)ကြားတွင် ရန်ကုန်ဘက်မှ တောင်ကြီးမြို့သို့သွားမည့် ယာဉ်မောင်း ရဲထွဋ်လွင်၊ ၃၂ နှစ်၊ သာဓုကန်စံပြကျေးရွာ၊ သုံးခွမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက်ရာဇာနိုင်၊ ၂၁ နှစ်၊ တောင်လေးလုံးကျေးရွာ၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနေသူနှင့်လမ်းကြုံလိုက်ပါလာသည့် ပဲနွယ်ကုန်းမြို့၊ ဦးဗလကြီးတာယာဆိုင်မှစံဂျေးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN 5M/5915 (၂၂)ဘီးယာဥ်သည် ဒီဇယ်ဆီဂါလံ (၇၉၀၀) အားတင်ဆောင်၍ မောင်းလာစဥ် ဆီဘောက်စာယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်ရာမှမထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်ကြောင့်ဆီသယ်ယာဥ်မှာ မီးလောင်ပျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်အား တွက်ချက်နေဆဲဖြစ်ပြီး ဖြစ်စဥ်အားအမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN