ဇီးချိုင့်ရွာ”စိန်ပန်း”ဆိုင်ကယ် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အား ပြစ်ဒဏ်ချမှတ်


(မှုခင်း) နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဇီးချိုင့်ရွာ “စိန်ပန်း”ဆိုင်ကယ် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အား ယင်းမာပင်ခရိုင်တရားရုံးက နိုဝင်ဘာ ၇ နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ် ဇီးချိုင့်ရွာတွင် နေထိုင်လျက်ရှိပြီး ၎င်းရွာရှိ “စိန်ပန်း”ဆိုင်ကယ် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် ဖောက်ခွဲရေးပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ လက်လုပ်သေနတ်များနှင့် လက်လုပ်သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းထားရှိသည့်အတွက် ဆိုင်ပိုင်ရှင် တရားခံ ကုဋေဇော် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်(သီးခြားစီ)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ထားတာတွေ လဲရှိပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN