(နိုင်ငံတကာ)နိုဝင်ဘာ ၇
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည် နယ် မြန်မာနယ်စပ်အနီးတွင် ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖောက်ခွဲရေးပစ္စည်းအများအပြားတင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို ရပ်တန့်ရှာဖွေရာ ဖောက် ခွဲရေးစစ်လက်နက် ပစ္စည်း အမြောက်အများကို သိမ်း ဆည်းရမိခဲ့သည်။
အာသံရိုင်ဖယ်တပ် က ရပ်တံ့ရှာဖွေရာ ၎င်း ယာဥ်ပေါ်မှ TNT ယမ်းထုတ် ၁၀၀၀၀ စီပါ သော သေတ္တာ ၄၈ လုံး နှင့် စနက်ကြိုး တစ်ခွေလျှင် ၁၉၀၀ မီတာ ပါ ၅ လိပ် ၊ စနက်တန် ၉၄၀၀ တောင့် လူ နှစ် ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးထားသူ နှစ်ဦးကို စစ်ဆေးချက်အရ ၎င်းပစ္စည်းများကို မြန်မာဘက်ခြမ်းရှိ အစိုးရဆန့်ကျင်သူ အကြမ်း ဖက်အုပ်စုများထံ ပို့ဆောင်ရန်ဖြစ်ကြောင်း The Time of India သတင်း၌ နိုဝင်ဘာ ၇ ရက်နံနက်တွင် ဖော်ပြထားသည်။ ၎င်းဖမ်းဆီးရမိသူ နှစ်ဦးကို ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ၁၉၀၈ နဲ့ အမှုဖွင့်ထားသည်ဟု သတင်းရပါသည်။
#PAN