(မှု့ခင်း) နိုဝင်ဘာ ၂
ပြင်ဦးလွင်မြို့နယ်၊ တာချီလိတ်မြို့နှင့် လွိင်လင်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၅) တောင်ကျောင်း ကြီးလမ်း၌ မသင်္ကာဖွယ်တွေ့ရှိသူ မလှရီ (ခ)အေးနောင့်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်အရ ညနေ ၅ နာရီ ၅ မိနစ်တွင် ပြင်ဦးလွင်မြို့နယ် ဘိုးနေဒွန်းကျေးရွာအုပ်စု ဘိုးနေ ဒွန်းကျေးရွာအနီး၌ စိုင်းခွန်လင်း (ခ)အိုက်လျန်း (ခ)စိုင်းလျန်း အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် အတူလည်းကောင်း၊ အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၌ လော်ဗျောင်မောင်းနှင်လာသော ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိင်လင်မြို့နယ် ဟိုတင့်ကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီးတွင် စိုင်းဝမ်းဆိုင် မောင်းနှင် ပြီး မောင်မောင်လှ၊ ငြိမ်းခိုင်၊ စိုင်းထွန်းခေါင်နှင့် မချယ်ရီတို့လိုက်ပါလာသော TOYOTA CROWN မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ အိုက်စ် (မက်သ် အဖက်တမင်း) ၆ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews