အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် အစ္စရေးသို့ရောက်ရှိ


(နိုင်ငံတကာ) အောက်တိုဘာ ၂၂

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်သည် အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများအား သံတမန်နည်းလမ်းအရ ဖြေရှင်းရန် အစ္စရေးအရာရှိများနှင့် တွေ့ဆုံရန် အင်္ဂါနေ့က တဲလ်အဗစ်မြို့သို့ ရောက်ရှိလာကြောင်းသိရသည်။

ယခုခရီးစဉ်သည် ဘလင်ကင်၏ အစ္စရေးသို့ ၁၀ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး အစ္စရေးအနေဖြင့် အီရန်၏ တိုက်ခိုက်မှုများအား လက်တုန့်ပြန်တိုက်ခိုက်မှုမပြုခင် လာရောက်ခြင်းကြောင့် အစ္စရေး၏တိုက်ခိုက်မှုများအား ဟန့်တားရန်လာရောက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

အစ္စရေးစစ်တပ်၏ စစ်ရေးအစီအစဉ်များ အမေရိကန်ထောက်လှမ်းရေးများထံ ဆွေးနွေးမှုပေါက်ကြားခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးပိုမိုတင်းမာစေခဲ့ကြောင်းသိရသည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က ဂါဇာနှင့်လက်ဘနွန် နိုင်ငံများတွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ စတင်ရန် အမေရိကန်ဘက်ကလိုလားနေပြီး ဘလင်ကင်၏ခရီးစဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN