ဂါဇာမြောက်ပိုင်းတိုက်ခိုက်မှုတွင် လူပေါင်း ၈၇ ဦးသေဆုံးကြောင်း ပါလက်စတိုင်းပြော


(နိုင်ငံတကာ) အောက်တိုဘာ ၂၂

အစ္စရေးလေတပ်၏ ဂါဇာမြောက်ပိုင်းတိုက်ခိုက်မှုတွင် လူပေါင်း ၈၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် လူပေါင်းများစွာ အပျက်အစီးများအောက်တွင် သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဒေသအခြေစိုက်သတင်းဌာနများ၏ ရုပ်သံမှတ်တမ်းများအရ သေဆုံးသူများထဲတွင် ကလေးငယ်အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာအနီးရှိ အမျိုးသားတစ်ဦးက” စစ်ပွဲတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့တောင်းဆိုပါတယ်”ဟုဆိုသည်။

“ကျွန်မတို့တောင်းပန်ပါတယ် ကျွန်မတို့က ဘယ်သူနဲ့မှ မပတ်သက်တဲ့ အရပ်သားတွေပါ၊ စစ်ပွဲတွေရပ်ဖို့တောင်းဆိုပါတယ်”ဟု အပျက်အစီးများကြား ငိုကြွေးနေသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN