အမေရိကန်ဒေါ်လာ ၃၅ သန်း ထုတ်ရောင်းပေးမယ်လို့ ဗဟိုဘဏ်မှကြေညာထား


(ပြည်တွင်း) အောက်တိုဘာလ ၂၂

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမယ်လို့ အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ် အနေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်ကလည်း အမေရိကန်ဒေါ်လာ ၆ သန်းကျော်နဲ့ ထိုင်းဘတ်သန်း ၂၀၀ နီးပါးကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ရောင်းချပေးခဲ့ပါတယ်။

ဒါကြောင့် အောက်တိုဘာလအတွင်းမှာ ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ်ငွေ သုံးသန်းကျော်နဲ့ ထိုင်းဘတ်ငွေ သန်း ၂၆၀ ကျော် ရောင်းချပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အတွက် အဆင်ပြေနိုင်ပြီး ပြင်ပဈေးကွက် မှာလည်း ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆိုထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN