ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးလေတိုက်ခတ်မှုကြောင့် ရေကြီးနစ်မြှုပ်ပျက်စီးမှုများရှိနေ


(ပြည်တွင်း) အောက်တိုဘာလ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ရေကြီးနစ်မြှုပ်ခြင်း၊ အမိုးလှန်ခြင်း၊ နေအိမ်ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ကြောင်း သိရသည်။

အဆိုပါ ပြိုကျပျက်စီးသည့် နေအိမ်(၇)အိမ်၊ အမိုးလှန်သည့် နေအိမ်(၂၁)အိမ်နှင့် ရေကြီးနစ်မြှုပ်သည့် နေအိမ်(၆၆)အိမ်တိုမှ မိသားစုဝင်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အပျက်အစီးများ ရှင်းလင်းပေးခြင်း နှင့် အမိုးလှန်ပျက်စီးသည့် နေအိမ်များမှမိသားစုဝင်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ရေကြီးနစ်မြှုပ်၊ နေအိမ်ပြိုကျပျက်စီး၊ အမိုးလှန်သည့်နေအိမ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ် သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN