အပြစ်မဲ့ပြည်သူများအား ဒလန်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


(ပြည်တွင်း) စက်တင်ဘာ ၂၈

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံး၌ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း(ခ)သားကြီးတို့ ၃ ဦးသည် ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (စိစစ်ဆဲ)ကျား ၄ ဦးမှ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရစဖမှူးနှင့် ရာအိမ်မှူးတို့ သေဆုံးခဲ့ပြီး ရုံးအကူမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ အမှတ်(၇၂)ရပ်ကွက်၊ ဇီဇဝါလမ်းတွင် တရားခံ ကျော်စွာအောင်(ခ)ကျော်စွာ အား လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ အမှတ်(၇၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် တင်ဝင်း(ခ)ဝင်းချိုအား လည်းကောင်း ဖမ်းဆီးရမိပြီး တရားခံ တင်ဝင်း(ခ)ဝင်းချို ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၂)ရပ်ကွက်၊ (၈၅)လမ်း၌ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒ ၎င်းနှင့် တရားမဝင် ပေါင်းသင်းနေထိုင်သူ ယုနန္ဒာစိုးတို့ ၂ ဦး အားလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့ နယ်၊ ကျွဲပွဲဘူတာ၌ ခင်မောင်ဌေး(ခ)ကျန်ကျောင်းအား လည်းကောင်း၊ ရန်ကင်းမြို့ နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အိမ်အမှတ်(၃၁၉)တွင် ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း၌ ထက်ကြီး(ခ)ကျော်ကြီး၊ အာကာဖြိုး(ခ)အောင်မင်းခန့် နှင့် ကျွန်းထက်အောင် တို့ ၃ ဦးအား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၂၀ တောင့်တို့နှင့် အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊ ထို့အပြင် စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၌ နေလင်း၊ တင်လှနှင့် မြင့်ကျော်တို့ ၃ ဦးအား အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့အား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၁၁ ဦး၊ မ ၁ ဦးတို့အား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလခန့်တွင် တရားခံ ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း၊ ထက်ကြီး(ခ)ကျော်ကြီးနှင့် အာကာဖြိုး(ခ)အောင်မင်းခန့်တို့သည် KNLA တပ်မဟာ(၂) နယ်မြေသို့သွားရောက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား ၁ လ တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဆင်းပြီး နောက် ရန်ကုန်မြို့ သို့ ပြန်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်အတွက် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်၍ Anonymous Force အကြမ်းဖက်အဖွဲ့အား ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း ခေါင်းဆောင် ၍ ခင်မောင်ဌေး(ခ)ကျန်ကျောင်း၊ ထက်ကြီး(ခ)ကျော်ကြီး၊ အာကာဖြိုး(ခ)အောင်မင်းခန့်၊ ကျွန်းထက်အောင်၊ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒ၊ ဖမ်းဆီးရန်ကျန်တရားခံ ဖြိုးဇင်အောင်တို့ပါဝင်သော အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား KNLA တပ်မဟာ(၇)တွင် ခိုအောင်းနေထိုင်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး(ခ)မှုံကြီး မှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထက်ကြီး(ခ)ကျော်ကြီးနှင့် ယုနန္ဒာစိုး တို့ထံတွင် သိုဝှက်သိမ်းဆည်းခဲ့ကြောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး(ခ)မှုံကြီးမှ Anonymous Force အကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့ အတွင်း၌ ဒလန်ရှင်းလင်းရေးအကြောင်းပြကာ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မတိုင်မီ ကာလတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၌ တရားခံ မြင့်ကျော် သည် ရစဖမှူးအဖြစ် လည်းကောင်း၊ တရားခံ ခင်မောင်ဌေး(ခ)ကျန်ကျောင်းနှင့် နေလင်း တို့သည် ရစဖရုံးစာရေးများအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သဖြင့်လက်ရှိ ရစဖမှူးနှင့် ရစဖရုံးစာရေးများအပေါ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများရှိနေသဖြင့် ဒလန်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Anonymous Force အကြမ်းဖက်အဖွဲ့သည် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက် ရစဖမှူးနှင့် ရာအိမ်မှူးတို့အား လုပ်ကြံသတ်ဖြတ်ရန် မြင့်ကျော်၊ နေလင်း၊ တင်ဝင်း(ခ)ဝင်းချို နှင့် တင်လှ တို့မှ လုပ်ကြံသတ်ဖြတ်မှုမတိုင်မီ ၁ ပတ်ခန့်ကြိုတင်၍ Scout ကြည့်ရှု့ခဲ့ကြောင်း၊ ၎င်းနောက် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ခင်မောင်ဌေး(ခ)ကျန်ကျောင်း၊ ကျော်စွာအောင်(ခ)ကျော်စွာ၊ အာကာဖြိုး(ခ)အောင်မင်းခန့်၊ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒတို့ ၄ ဦးသည် မော်တော်ယာဉ်ဖြင့် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံးသို့ သွားရောက်ခဲ့ပြီး အာကာဖြိုး(ခ)အောင်မင်းခန့် နှင့် အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒ တို့မှ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင် နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း(ခ)သားကြီးတို့အား ပစ္စတိုဖြင့် ၁၄ ချက်ပစ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် Anonymous Force အကြမ်းဖက်အဖွဲ့ဝင်များသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု(၁)ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု (၁)ကြိမ် ပြုလုပ်ခဲ့ကြောင်းကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်တွင် လှိုင်သာယာမြို့ နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူ အား ဒလန်ဟုစွပ်စွဲ၍ အာကာဖြိုး(ခ)အောင်မင်းခန့်၊ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒတို့မှ ပစ္စတိုဖြင့် အကြောင်း မဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ထက်ကြီး(ခ)ကျော်ကြီးနှင့် လျှန်းထက်အောင် တို့ ၂ ဦးမှ Scout ကြည့်ရှု ပေးခဲ့ကြောင်း၊ ဇွန်လ ပထမပတ်တွင် အာကာဖြိုး(ခ)အောင်မင်းခန့်၊ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒ တို့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ကမာရွတ်မြို့မရဲစခန်းအား ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် ထက်ကြီး(ခ)ကျော်ကြီးနှင့် ကျွန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှုပေးခဲ့ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး(ခ)မှုံကြီး မှ လုပ်ကြံ သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Anonymous Force အကြမ်းဖက်အဖွဲ့ အား Kpay မှတစ်ဆင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေကျပ်သိန်း ၃၀ ထောက်ပံ့ပေးခဲ့ ကြောင်း၊ ရရှိသောငွေကြေးများအား ခေါင်းဆောင် ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်းမှ ပြန်လည်ခွဲဝေပေးကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ် လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား လျှို့ ဝှက်ပေးထား၍ ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN