ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲအစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ


(ပြည်တွင်း) စက်တင်ဘာ ၂၆

ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက လွိင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အဘိုးအဘွားများနှင့် ကလေးသူငယ် မိဘများ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ပေးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းသည်လည်း တစ်ခုပါဝင်ကြောင်း၊ ပြည်နယ်အတွင်း ပရဟိတ ဂေဟာ ၆ ခု၊ အမျိုးသမီး ပရဟိတဂေဟာ ၂ ခု တည်ထောင်ခွင့်ပြုထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဂေဟာများ ဖွံဖြိုးတိုးတက်ခိုင်မြဲအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပြီး တိုင်းပြည်ကိုအကျိုးပြုမည့် လူတော်လူကောင်းများမွေးထုတ်ပေးသည့် ဂေဟာများဖြစ်လာအောင် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များထဲမှ မိခင်နှင့်ကလေး ငွေကြေးထောက်ပံ့သောအစီအစဉ်၊ လူမှုရေးပင်စင်အစီအစဉ် များကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို လူ့ အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်း ဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း တို့ကို ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် မဟာပုညကာရီ စေတနာ့ဝန်ထမ်း အမျိုးသမီးဂေဟာ၊ စိန်မာတင်ဘိုးဘွားရိပ်သာ၊ ပြည်နယ် ဘိုးဘွားရိပ်သာ၊ မဟာဓမ္မဝိဟာရီ စေတနာ့ဝန်ထမ်း အမျိုးသမီးဂေဟာ၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက် ၃ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN