အကြမ်းဖက် PDF များက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးနှင့် သာမန်ပြည်သူတစ်ဦးအား ရက်ရက်စက်စက် ဓားဖြင့်ခုတ်သတ်


(ပြည်တွင်း) စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မိုးထောင်ကျေးရွာအနီးတွင် ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးနှင့် ပြည်သူတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသူနှစ်ဦးမှာ မိုးထောင်ကျေးရွာနေသူများဖြစ်သည့် ဦးအောင်နိုင်(ပြည်ခိုင်ဖြိုးပါတီ၊ ကျေးရွာအုပ်စုပါတီကော်မတီဝင်)၊ အသက် ၅၈ နှစ်နှင့် သာမန်ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်ဝေ၊ အသက် ၆၃ နှစ်တို့အား မိုးထောင်ကျေးရွာ၏ အနောက်ဘက် လမ်းဘေးရှိ အမှိုက်ပုံအနီး၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သေဆုံးသူ ၂ ဦးသည် နေအိမ်အသီးသီး၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းမှ တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးသူ ဦးကျော်ဝေ၏ နေအိမ်မှ ဆိုင်ကယ်တစ်စီးနှင့် ဖုန်း ၁ လုံးတို့ကို ယူဆောင်သွားကြောင်း၊ မိုးထောင်ကျေးရွာမှာ အကြမ်းဖက် PDF အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက သွားရောက်စစ်ဆေးခြင်း၊ အမှုဖွင့်လှစ်ခြင်းများ မဆောင်ရွက်နိူင်သေးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN