မလှိုင်​မြို့ပေါ်သို့ အကြမ်းဖက် PDF များမှ Drone ၂ စီးဖြင့် Drop Bomb ကြဲချတိုက်ခိုက်


(ပြည်တွင်း) စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်​မြို့ပေါ်သို့ ယနေ့နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့များမှ Drone ၂ စီးဖြင့် Drop Bomb ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb များမှာ မလှိုင်မြို့၊ မြို့မရဲစခန်းဝင်းအတွင်း ၂ လုံး၊ ကန်တင်း လ္ဘက်ရည်ဆိုင်ရှေ့ ၁ လုံး၊ မြို့နယ်အားကစားရုံ အရှေ့ဘက်ဘေး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို ဗုံးပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်

Telegram»…
https://t.me/positiveanglenews

PAN