နွာထိုးကြီးမြိုနယ်တွင် အကြမ်းဖက်PDFအဖွဲ့မှ ခရီးသွားပြည်သူများအား အတင်းအဓမ္မဆက်ကြေးကောက်နေ


(ပြည်တွင်း)စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ၊နွာထိုးကြီးမြိုနယ်၊ရွာကြီး ရွာသစ်ကျေးရွာ၌ အခြေပြုကာ အကြမ်းဖက် PDF အဖွဲ့ မှ ခရီးသွားပြည်သူများအားအတင်းအဓမ္မဆက်ကြေးကောက်နေကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် နွားထိုးကြီးအကြမ်းဖက်PDFအဖွဲ့သည် ရွာသစ်ကျေးရွာ စာသင်ကျောင်းအတွင်းရှိ အဆောက်အဦးကြီး ၂ခုတွင် အခြေ ပြုစခန်းချနေထိုင်ကာ ကျောင်းရှေ့တည့်တည့်တွင် ဂိတ်ချထားပြီး မြင်းခြံ-မန္တလေးကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသော ခရီးသွားကားများနှင့်ဆိုင်ကယ်များကို ပိတ်ဆို့စစ်ဆေးခြင်း၊ငွေကြေးများစွာ ဂိတ်ကြေးကောက် ခံခြင်းနှင့်အဓမ္မအလှုခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ရွာကြီးရွာမှမြင်းခြံမြို့အဝင်ထိ လမ်းတစ်လျှောက် နေရာ ၄ခုတွင် လမ်းဘေးသစ်ပင်ကြီးများကို ခုတ်လှဲကာ ကားလမ်းကိုပိတ်ဆို့ထားပြီး ပိတ်ဆို့ထားသော သစ်ပင်ကြီးများအောက်တွင် မိုင်းများထောင်ထားကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။

#PAN